Published 11 August 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ရှိရာ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဂျပန်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်၍ ချယ်ရီပင်များကို ဂျပန်နိုင်ငံမှ စိုက်ပျိုးလှူဒါန်းသွားမယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ နှစ်နိုင်ငံချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သတင်းမှားများ ဖြစ်ပေါ်နေမှုနှင့် အဖြစ်မှန်များကို ဂျပန်နိုင်ငံရှိ ပြည်သူများသိရှိရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ရင်းနှီး  ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူတွေတက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ်နှင့်အတူ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး  အသင်းဥက္ကဋ္ဌ Mr. Fumio Usui နှင့် တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: SAC_MOI

-ymg/knl