Published-11 August 2022

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ တည်ထားနေတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား  ကိုးကွယ်မှုကို နစက တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း ပြီးစီးအောင်ရည်မှန်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်ပိုင်း   တွင် အကြမ်းထည်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါတယ်။

အဲဒီအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ်၁၁ရက်နေ့တွင် အဆိုပါနေရာ၌ ကျင်းပတဲ့ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှုင်က အမှတ်(၁) ကျည်းပင်စိုက်ပျိုးမည့်နေရာတွင် ကျောက်မျက်ရတနာများ ထည့်သွင်းပူဇော်၍ ကျည်းပင်ကို မင်္ဂလာဖဲကြိုးဆွဲ၍ စိုက်ပျိုးပူဇော်ပါတယ်။

တစ်ချိန်တည်းမှာ  အမှတ်(၂)ကျည်းပင်ကို ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ အမှတ်(၃) ကျည်းပင်ကို ကောင်စီဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီးစိုက်ပျိုးပူဇော်ခဲ့ကြကြောင်း သိရှိရပါတယ်။

ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြတဲ့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာနစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ  ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်မည့်နေရာသို့ ရောက်ရှိကြပြီး မင်္ဂလာအချိန်တွင် ပိဋကတ်ကျောက်စာတော်များကို မင်္ဂလာရွှေကြိုးဆွဲ၍ စတင်တည်ထား ပူဇော်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်တော်များပေါ်၍ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များကို တည်ထားနိုင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဠိတော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူ ပူဇော်ထားရှိခြင်းဖြစ်တဲ့အတွက် ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကိုပါ တစ်ပါတည်းလေ့လာ ကြည်ညို၍ နာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်ဖြစ်တယ်လို့သိရှိရပါတယ်။

-ymg/knl