ရန်ကုန် စက်တင်ဘာ ၅
မြန်မာနိုင်ငံသို့ လာရောက်ရန် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာစစ်တပ်နှင့် ဆက်လက် စေ့စပ်ညှိနှိုင်းနေဆဲဖြစ်ပြီး ထုတ်ပယ်ခံရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးစားထားကြောင်း အာဆီယံအဖွဲ့ကြီးက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခံထားရတဲ့ ဘရူးနိုင်း သံတမန်က ပြောကြားတယ်လို့ ရိုက်တာသတင်းဌာနက ယမန်နေ့က သတင်းရေးသားပါတယ်။
“ မြန်မာနိုင်ငံကို အခုသွားဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးမတိုင်ခင် ကျွန်တော့်အနေနှင့် အာခံချက်တွေရရှိဖို့လိုအပ်တယ်” လို့ ဘရူးနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) အီရီဝန်ယူဆော့ဖ်က ရိုက်တာနှင့် အင်တာဗျူး တစ်ခုမှာ ပြောကြားပါတယ်။
“ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်းသိနေဖို့ လိုတယ်။
ကျွန်တော်သွားရောက်တဲ့အခါ သူတို့က ကျွန်တော့်ကို ဘာတွေခွင့်ပြုမှာလဲဆိုတာ” လို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရဖို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီထံ တောင်းခံထားတယ်လို့ အီရီဝန်က ပြောပါတယ်။
စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရသူထံမှာ မှတ်ချက် ချက်ခြင်းမရသေးဘူးလို့လည်း ရိုက်တာက ရေးသားပါတယ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး တပ်က အာဏာရယူစဉ်က စွပ်စွဲပြောဆိုထားပါတယ်။ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်နှင့် နို်ငံတကာစောင့်ကြည့်သူတွေက စွပ်စွဲမှုဟာမှားယွင်းတယ်လို့ပြောဆိုထားကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
စစ်တပ်အာဏာပိုင်တွေက သူတို့အာဏာရယူမှုကို အာဏာသိမ်းတယ်လို့ မခေါ်သင့်ဘူး ဘာကြောင့်လဲဆိုတော့ ဖွဲ့စည့်းပုံ အခြေခံဥပဒေနှင့် အညီလုပ်ဆောင်ခဲ့တာကြာင့်မို့လို့ ဖြစ်တယ်လို့ ပြောကြောင်း ရိုက်တာကရေးသားပါတယ်။
Source: Reuters