Published 30 June 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn နှင့်ကိုယ်စားလှယ်အဖွဲ့ကို ဇွန်၃၀ ရက် ဒီကနေ့ မွန်းလွဲ(၂)နာရီက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစကဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့တက်ရောက်ခဲ့ကြပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်(လူမှုယဉ်ကျေးမှုအသိုက်အဝန်း) မစ္စတာ Ekkaphab Phanthavongနှင့် အရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။