Published 30 June 2022

မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn ဟာ ဇွန်၃၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးတွေကို အာဆီယံမှ တစ်ဆင့် လှူဒါန်းတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn ထံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာ  Chen Haiက တရုတ်နိုင်ငံအစိုးရက ပေးပို့လှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါတယ်။