Published 29 June 2022

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Apichet Suesat ကို နေပြည်တော်တွင် တွေ့ဆုံကာ နစကရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ  မြန်မာနိုင်ငံဘက်သို့ပြန်လည်ဝင်ရောက်လိုသူတွေ အလွယ်တကူဝင်ရောက်နိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး အာပီချက် ဆူဆက်ဟာ မြန်မာနိုင်ငံတွင် ကျင်းပခဲ့တဲ့ မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို ထိုင်းဘုရင့်တပ်မတော်ဘက်မှ ဦးဆောင်ပြီးလာရောက်တက်ခဲ့တာဖြစ်ပါတယ်။

အချို့သော ကျောင်းသားကျောင်းသူ လူငယ်များနှင့် CDM ဝန်ထမ်းတွေ နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်သို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ဖို့ ထိုင်းတပ်မတော်ဘက်က ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေတွေကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နစကဥက္ကဋ္ဌနှင့် ထိုင်းဒုတိယဗိုလ်ချုပ်ကြီးတို့ဟာ နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်မြှင့်တင်ဆောင်ရွက်သွားမယ့်ကိစ္စတွေ၊နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးကိစ္စတွေနှင့် အခြားကိစ္စတွေပူးပေါင်းဆောင်ရွက်သွားမှာတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အချို့သော ကျောင်းသားကျောင်းသူ လူငယ်များနှင့် CDM ဝန်ထမ်းတွေ နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်သို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ဖို့ ထိုင်းတပ်မတော်ဘက်က ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေတွေကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။