Published_29 June 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲသည် ရန်ကုန်မြိုသို့ရောက်ရှိလာကြောင်း သိရပါတယ်။

 အဆိုပါကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြပါတယ်။

H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ၏ ခရီးစဉ်အတွင်း ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ymg_mnn