#Local_News
Published_30 June 2022

 

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမား ၈၀၀ ခန့် ဇွန်လ ၂၉ ရက်တွင် မြဝတီ - မဲဆောက်ချစ်ကြည်ရေးအမှတ် (၂) တံတားမှတစ်ဆင့် ထပ်မံသွားရောက်ခွင့်ရခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အလုပ်သမားများအား ယွန်းနဒီ၊ ဝင်းဖြိုးအောင်၊ စွမ်းတော်ဝင်၊ New Covenant Ovessea Employment၊ People Diligence အေဂျင်စီများ အနေဖြင့် တာဝန်ယူထားခြင်းဖြစ်ပြီး ယွန်းနဒီ အေဂျင်စီ ကုမ္ပဏီမှ စေလွှတ်သည့် လုပ်သား (၅၀) ဦးမှာ ထိုင်းနိုင်ငံ၊ လုပ်ဘူရီမြို့ရှိ စဟာဖန် ကြက်သားစက်ရုံသို့ သွားရောက်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စွမ်းတော်ဝင် အေဂျင်စီမှ တာဝန်ယူ စေလွှတ်သည့် လုပ်သား (၄၀၀) ဦးမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ငါးသေတ္တာ စက်ရုံသို့လည်းကောင်း၊ ဝင်းဖြိုးအောင် အေဂျင်စီမှ တာဝန်ယူစေလွှတ်သည့် လုပ်သား (၁၁၉) ဦးမှာ နခွန်လာချစီမာခရိုင်၊ ဆီခယုမြိုရှိ ထိုင်း - တရုတ် လျှပ်စစ်အမြန်ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လည်းကောင်း၊ New Covenant Ovessea Employment အေဂျင်စီမှ လုပ်သား (၂၀၀) ဦးမှာ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့ရှိ၊ အီလက်ထရောနစ်စက်ရုံသို့လည်းကောင်း အသီးသီးသွားရောက်လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် People Diligence အေဂျင်စီမှ လုပ်သား (၃၀) ဦး အနက် လုပ်သား (၁၀) ဦးမှာ နွန်းထဘူရီမြို့ရှိ ဆီဆိုင်၊ လုပ်သား (၂၀) ဦးမှာ ‌ပရိဘောဂစက်ရုံတို့တွင် အလုပ်လုပ်ကြရမည် ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group