Published 19 May 2022

စည်းကမ်းနှင့်မကိုက်ညီ လိုင်စင်လည်းမရှိ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ (၇)ဦးကိုခေါ်ယူစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခု ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီသတင်းများအပေါ် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။