#LocalNews
Published_19 May 2022

 

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ MOU အလုပ်သမားများ တတိယအကြိမ်အဖြစ် ယနေ့ မေလ ၁၉ ရက်တွင် ထပ်မံဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး၏ စာရင်းများအရ သိရသည်။

 

ရောက်ရှိအလုပ်သမားအရေအတွက်မှာ ၁၅၁ ဦးဖြစ်ပြီး ထိုင်းနိုင်ငံ Fujikura Electronics (Thailand) Co.,Ltd တွင် ၉၂ ဦး၊ Thai Chin Fu Enterprise Co.,Ltd တွင် ၂၉ ဦး၊ Samakee Concrete Product Co.,Ltd တွင် လူဦးရေ ၃၀ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း သိရသည်။

 

MOU အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ မေလ ၁၀ ရက်ကစ၍ သွားရောက်ခွင့်ရခဲ့ရာ ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံ Panuspoultry Group Co., Ltd ကြက်သားစက်ရုံ၌ လုပ်ကိုင်နိုင်ကြမည့် အလုပ်သမား၂၈၇ ဦး၊ ဒုတိယအကြိမ် မေလ ၁၁ ရက်တွင် အလုပ်သမား ၃၀၁ ဦးကိုလည်းကောင်း နှစ်နိုင်ငံသဘောတူမှုဖြင့် တရားဝင် သွားရောက်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံမှ လတ်တလောအနေဖြင့် MOU အလုပ်သမား ၂၁၄၀၁၃ ဦး ခေါ်ယူရန်လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံမှ ၁၅၀၆၃၇ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၄၈၂၇၂ ဦး၊ လာအိုနိုင်ငံမှ ၁၅၁၀၄ ဦး အတွက် Demand ခေါ်စာရရှိပြီး ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံမှ MOU ဖြင့် သွားရောက်ခွင့်ရပြီးသူ ၇၃၉ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group