Published-10 August 2021
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံကို အရေးကြီး လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း၅၀ပေးအပ်သွားမယ်လို့ ထိုင်းနိုင်ငံကို တရားဝင်ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ် ဂရင်းဖီးလ်က ကြေညာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က သတင်းထုတ်ပြန်ပါတယ်။