Published-10 August 2021
မြန်မာနိုင်ငံမှာ တပ်က အာဏာယူပြီးတဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီး လူပေါင်း ၈၄၀၀ ကျော်လောက် အိန္ဒိယနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်လာတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အထက်လွှတ်တော် ရာဂျာဆာဘာက ထုတ်ပြန်ချက်ထဲမှာ အဲသလိုပြောကြားထားတာဖြစ်တယ်လို့ အိန္ဒိယ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ mint ရဲ့သတင်းတစ်ပုဒ်အရသိရပါတယ်။
အိန္ဒိယရဲ့ နိုင်ငံတကာနယ်ခြားတွေဖြတ်သန်း စိမ့်ဝင်နေမှုတွေနှင့်ပတ်သက်တဲ့ မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဖြေကြားပေးခဲ့ခြင်းဖြစ်ပါတယ်။
“ ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေနဲ့ ဒုက္ခသည်တွေ စုစုပေါင်း ၈၄၆၆ဦးဟာ အိန္ဒိယထဲကို ဖြတ်သန်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအထဲက ၅၇၉၆ဦးကိုပြန်ပို့ခဲ့ပြီး ၂၆၉၀ဦးကတော့ ယနေ့အထိ အိန္ဒိယမှာရှိနေကြပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောတဲ့အကြောင်း သတင်းမှာရေးသားထားပါတယ်။
Source: mint online news