ရန်ကုန်ဩဂုတ်-၈
၂၀၂၁ခုနှစ် ဇူလိုင် ၆ ရက်နေ့ကနေ ဩဂုတ် ၆ ရက် တစ်လတာအတွင်း
ရန်ကုန်တိုင်းဒေသကြီးမှာ နေ့စဉ် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုနှင့် သေဆုံးမှုတွေကို
MOHS ကနေ့စဉ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အပေါ် အခြေခံပြီး Yangon Times အယ်ဒီတာအဖွဲ့က
“အခြေပြဂရပ်” ကားချပ်နှစ်ခု ရေးဆွဲပြုစုထားပါတယ်။ တစ်ခုက အတည်ပြုလူနာ ဂရပ်ဖြစ်ပြီး နောက်တစ်ခုက သေဆုံးမှု ဂရပ်ဖြစ်ပါတယ်။
အဲဒီကိန်းဂဏန်းအချက်အလက်တွေအရ
ဇူလိုင် ၁၄ရက်နေ့မှာ ပိုးတွေ့သူအများဆုံးဖြစ်ခဲ့ပြီး ၁၄၇၄ဦးရှိခဲ့ပါတယ်။
အနည်းဆုံးတွေ့ခဲ့တာက ဩဂုတ်၆ရက်နေ့ကဖြစ်ပြီး ၃၆၇ ဦးရှိခဲ့ပါတယ်။
ဂရပ်အရ ပိုးတွေ့သူ အကျဘက်ကို ဦးတည်လာနေတာတွေ့ရပါတယ်။
 
သေဆုံးသူအခြေအနေတွေကတော့
ဇူလိုင်၁၉ရက်နေ့မှာ သေဆုံးသူ အများဆုံးဖြစ်ခဲ့ပြီး ၁၁၆ဦးအထိရှိခဲ့ပါတယ်။
အနည်းဆုံးသေဆုံးခဲ့တာ ဇူလိုင်၉ရက်နေ့မှာဖြစ်ပြီး ၁၃ ဦး သေဆုံးခဲ့ပါတယ်။
 
သေဆုံးသူအရေအတွက်ဟာ ဇူလိုင် ၁၉ရက်နောက်ပိုင်းမှာ အမြင့်ဆုံးသို့ ပြန်မရောက်တော့ပဲ ကျဆင်းလာပေမယ့် အတက်အကျ ( Fluctuation )ရှိနေတုန်းပဲဆိုတာတွေ့ရပါတယ်။ သေဆုံးသူအရေအတွက်ကတော့ ပျှမ်းမျှအားဖြင့် သိသိသာသာလျော့နည်းလာတာတော့မရှိသေးကြောင်း ဂရပ်မျဉ်းအရ တွေ့ရမှာဖြစ်ပါတယ်။
 
မှတ်ချက်။
ယခုအခြေခံတဲ့ ကိန်းဂဏန်းတွေထဲ အိမ်တွေမှာပဲ မိမိဘာသာ စစ်ဆေး၊ကုသခံကြတဲ့စာရင်းပါဝင်နိုင်ခြင်းမရှိပါဘူး။
အဲဒီစာရင်းတွေကလည်း လက်တွေ့မှာ အတိအကျကောက်ယူဖို့ ခက်ခဲပါတယ်။ အဲဒီစာရင်းတွေထည့်ပေါင်းရင်
ပိုးတွေ့သူအရေအတွက်နှင့်သေဆုံးသူတွေဟာ ဒီထက်ပိုများနေမှာ ဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိကိုဗစ်ကူးစက်မှု ဦးတည်လမ်းကြောင်း Trendကိုတော့ ဒီဂရပ်က ထင်ဟပ်နိုင်ပါတယ်။