ဩဂုတ်လ ၈ ရက်နေ့ ညနေ၆နာရီခန့်က ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်တွင် GAS များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်ပေါ်ပါသူတစ်ဦး သေဆုံးပြီးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေ မှာရှိနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၄)နဲ့ (၁၅၅)ကြား၊ နတ်စင်ကွေ့ အနီးတွင် Gas (၂၂)တန် သယ်ဆောင်မောင်းနှင်လာတဲ့ GE 13 NISSAN (၂၂)ဘီး အမျိုးအစား (အဖြူရောင်)တွဲယာဉ်သည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ နောက်တွဲ Gas အိုးဖြင့် လားရာတူ ရှေ့မှ မြေဆီအိတ်များ သယ်ဆောင် မောင်းနှင်လာသော FAW (၂၂)ဘီး အမျိုးအစား(အဖြူရောင်)တွဲယာဉ်အား ဝင်ရောက် တိုက်မိပြီး လမ်းပေါ်၌ ကန့်လန့်ဖြတ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ ကော့ကရိတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် GE 13 NISSAN (၂၂)ဘီး အမျိုးအစား (အဖြူရောင်)တွဲယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိသဖြင့် ကော့ကရိတ်မြို့နယ်၊ “ပုလဲဖြူ”လူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် သင်္ဃန်းညီနောင် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အာရှလမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ် တိမ်းမှောက်နေသည့်ယာဉ်အား မြဝတီမြို့မှ ကရိန်းယာဉ်ဖြင့် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ ည၁၀နာရီခန့် အချိန်တွင် ကားများ ပုံမှန်သွားလာနေပြီဖြစ်တယ်လို့ သိရပါတယ်။