Published - 9 August 2021
စတီရီယိုခေတ်ဦး အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့စွယ်စုံရ ဂီတပညာရှင် တက္ကသိုလ်အေးမောင် (၇၂ နှစ်) ဟာ ယနေ့နံနက်၁နာရီမိနစ်၃၀ အချိန်က ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။
 
အဆိုတော်တက္ကသိုလ်အေးမောင်ကွယ်လွန်ကြောင်းကို
တူတော်စပ်သူသရုပ်ဆောင်ကျော်ဇင်ထဋ်က "ကျွန်တော့ဦးလေးဖြစ်သူ "ဘယ်ပန်းချီရေးလို့မမှီ" သီချင်းနဲ့ လူသိများခဲ့တဲ့ ပြည်သူချစ်တဲ့နိုင်ငံကျော်တေးသံရှင် တက္ကသိုလ်ဦးအေးမောင် (Reggie Ba Oo) (အန်ကယ်ဘိုအေး) သည် 9-8-2021 ရက်မနက် 1:30AM အချိန်တွင် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ။ ဦးလေးဖြစ်သူ တက္ကသိုလ်ဦးအေးမောင် (အန်ကယ်ဘိုအေး) ကောင်းရာသုဂတိလားပါစေ"လို့
သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။
 
ဦးအေးမောင်သည် ဂန္တဝင်အဆိုတော် ဦးအံ့ကြီးနဲ့ အသံဖမ်း ဦးဘသိန်းတို၏တူဖြစ်ပြီးမျိုးရိုးလိုက်ဂီတပညာရှင်များဖြစ်ကြကာ ညီဖြစ်သူအယ်ဒီဘဦးခေါ်တင်အောင်မိုးမှာလည်း စတီရီယိုခေတ်ဦးအဆိုတော်ဖြစ်ပြီး၊ဝမ်းကွဲညီအကိုမောင်နှမများမှာ အဆိုတော် စိန်လွင်၊သန်းနိုင်၊ ပုလဲ၊ တယ်ရီဘတူ၊ ပီတာဘသိန်း၊ သန်းသန်းနွယ်၊ ခင်မြတ်မူတို့ဖြစ်ပါတယ်။
တက္ကသိုလ်အေးမောင်၏ ထင်ရှားသော သီချင်းတစ်ပုဒ်မှာ မိဘမေတ္တာဖော်ကျူးတဲ့ “ဘယ်ပန်းချီရေလိုမမှီ” ဖြစ်ပြီး အကောင်းဆုံးရုပ်ရှင်တေးသီချင်းတစ်ပုဒ်အဖြစ်ယနေ့ချိန်ထိလူကြိုက်များနေဆဲဖြစ်သည်။