Published-7 July 2021
ဘန်ဒါဆာရီဘဂဝန် -ဩဂုတ် ၇
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို သူသွားရောက်တဲ့အခါ သူ့ကို အပြည့်အဝ ဝင်ထွက်သွားလာခွင့်ပေးသင့်တယ်လို့ ပြောကြောင်း ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
 
သူ့ကိုခန့်အပ်ပြီး နောက်တစ်ရက်အကြာမှာ အထူးကိုယ်စားလှယ် ဘရူးနိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး-၂ အီရီဝန်ယူဆော့ဖ်က မြန်မာပြည်သွားရောက်ဖို့ ရက်မသတ်မှတ်ရသေးဘူးလို့ပြောပါတယ်။
 
အီရီဝန်ကို မြန်မာနိုင်ငံအတွက် လူသားချင်းညှာတာထောက်ထားခြင်းဆိုင်ရာ အကူအညီတွေပေးဖို့၊အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မြန်မာစစ်အစိုးရနှင့် အတိုက်အခံတွေအကြား ဆွေးနွေးပွဲတွေပြုလုပ်ဖို့တွေအတွက် လုပ်ငန်းတာဝန်တွေ အပ်နှင်းထားပါတယ်။
 
“ မြန်မာနိုင်ငံသွားရောက်ဖို့က အစီအစဉ်ရှိပြီးသားပါ။ လိုအပ်တာက ကျွန်တော်တို့ အဲဒီကိုသွားတဲ့အခါ ဇွန်လတုန်းက ကျွန်တော်သွားခဲ့တာနှင့်မတူပဲ သေသေချာချာ ပြင်ဆင်ပြီးဖြစ်ဖို့ပဲ” လို့ သူက ဘရူးနိုင်းနိုင်ငံမြို့တော် ဘန်ဒါဆီရီ ဘဂဝန် မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
 
နောက်တစ်ခါ မြန်မာနိုင်ငံကိုသွားတဲ့ခရီးစဉ်အတွင်းမှာ သူ့အနေနဲ့ ပိုပြီးခြေခြေမြစ်မြစ်ရှိတဲ့ ဆွေးနွေးပွဲတွေကို ကြိုးစားမယ် အထူးသဖြင့် အကြမ်းဖက်မှုတွေရပ်ဖို့၊ ဆွေးနွေးမှုတွေနှင့် စေ့စပ်မှုတွေဖြစ်ဖို့ပါ” လို့ သူကပြောပါတယ်။
 
မြန်မာလူမှုအသိုက်အဝန်းအဖွဲ့တွေက သူ့ရဲ့ခန့်အပ်မှုကို ပယ်ချထားပြီး အာဆီယံဟာ စစ်အစိုးရရဲ့အတိုက်အခံတွေနှင့် အခြားအဖွဲ့တွေနှင့်အကြံယူသင့်တယ် လို့ပြောထားကြတယ်လို့ ရိုက်တာက သတင်းဖော်ပြထားပါတယ်။
 
လူသားချင်းဆိုင်ရာ အကူအညီတွေအတွက် ဘယ်ရက်ဆိုတာကို အီရီဝန်က ထုတ်ဖော်ပြောမသွားပါဘူး။ ဒါပေမယ့် ကြိုးပမ်းအားထုတ်မှုအတွက် လိုအပ်တဲ့ အထောက်အပံ့တွေသူရှာနိုင်မယ်လို့ ယုံကြည်တယ်လို့ပြောပါတယ်။
Source Reuters