၂၀၂၁ခုနှစ် ဇူလိုင် ၆ ရက်နေ့ကနေ ဩဂုတ် ၆ ရက် တစ်လတာအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခဲ့ရာကနေ နေ့စဉ်သေဆုံးမှုအခြေအနေကို MOHS ကနေ့စဉ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အပေါ် အခြေခံပြီး Yangon Times အယ်ဒီတာအဖွဲ့က “အခြေပြဂရပ်” ကားချပ်တစ်ခု ရေးဆွဲပြုစုထားပါတယ်။ဩဂုတ် ၂ ရက်နေ့မှာ အများဆုံးသေဆုံးခဲ့ပြီး စုစုပေါင်း ၃၉၇ ဦးသေဆုံးခဲ့ရပါတယ်။
 
ဇူလိုင် ၈ ရက်နေ့မှာ အနည်းဆုံးသေဆုံးခဲ့ပြီး စုစုပေါင်း ၅၁ဦး သေဆုံးခဲ့ရပါတယ်။ တစ်လတာအတွင်းမှာ တောက်လျောက် သေဆုံးသူအရေအတွက် တက်လာခဲ့ပြီး ဩဂုတ် ၂ရက်နောက်ပိုင်းမှာ အကျဘက်သို့ ဦးတည်သည့် သဘောဆောင်လာတာ တွေ့ရပါတယ်။
 
မှတ်ချက်။ ယခုအခြေခံတဲ့ ကိန်းဂဏန်းတွေထဲ အိမ်တွေမှာ သေဆုံးခဲ့ကြရတဲ့သူတွေရဲ့စာရင်း ပါဝင်နိုင်ခြင်းမရှိပါဘူး။ အဲဒီစာရင်းတွေကလည်း လက်တွေ့မှာ အတိအကျကောက်ယူဖို့ ခက်ခဲပါတယ်။ အဲဒီစာရင်းတွေထည့်ပေါင်းရင် သေဆုံးသူအရေအတွက်ဟာ အများကြီးအပြောင်းအလဲ ရှိနိုင်ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု ဦးတည်လမ်းကြောင်း Trendကိုတော့ ဒီဂရပ်က ထင်ဟပ်နိုင် ပါတယ်။