ရန်ကုန်ဩဂုတ်-၇

၂၀၂၁ခုနှစ် ဇူလိုင် ၆ ရက်နေ့ကနေ ဩဂုတ် ၆ ရက် တစ်လတာအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခဲ့ရာကနေ နေ့စဉ်ပိုးတွေ့နှုန်းကို MOHS ကနေ့စဉ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အပေါ် အခြေခံပြီး Yangon Times အယ်ဒီတာအဖွဲ့က “အခြေပြဂရပ်” ကားချပ်တစ်ခု ရေးဆွဲပြုစုထားပါတယ်။
 
ပိုးတွေ့နှုန်းအမြင့်ဆုံးက ဇူလိုင်လ ၂၄ရက်နေ့မှာဖြစ်ပြီး ၄၀.၈၂၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ လူ၁၀၀စစ်တိုင်း လူ၄၁ဦးခန့် ပိုးတွေ့တဲ့သဘော ဖြစ်ပါတယ်။ 
ပိုးတွေ့နှုန်းအနိမ့်ဆုံးက ဇူလိုင်လ ၇ရက်နေ့မှာ ဖြစ်ပြီး ၂၆.၈၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ လူ၁၀၀စစ်တိုင်း ၂၇ဦးဆီမှာ ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။
 

မှတ်ချက်။ ယခုအခြေခံတဲ့ ကိန်းဂဏန်းတွေထဲ အိမ်တွေမှာပဲ မိမိဘာသာ စစ်ဆေး၊ ကုသခံကြတဲ့စာရင်း ပါဝင်နိုင်ခြင်းမရှိပါဘူး။ အဲဒီစာရင်းတွေကလည်း လက်တွေ့မှာ အတိအကျကောက်ယူဖို့ ခက်ခဲပါတယ်။ အဲဒီစာရင်းတွေထည့်ပေါင်းရင် ပိုးတွေ့နှုန်းဟာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု ဦးတည်လမ်းကြောင်း Trendကိုတော့ ဒီဂရပ်က ထင်ဟပ်နိုင်ပါတယ်။