#LocalNews
Published_16 March 2022
မြန်မာနိုင်ငံတွင် ပထမဆုံး တစ်ကိုယ်တော် ပရဟိတ နာရေးကူညီမှုလုပ်ကိုင်သည့် မင်းသားကြီး ‌(ဦး)ဝင်းမြင့် ၏ ဈာပန ကို ယနေ့ မတ်လ ၁၆ ရက်က ရေဝေး သုဿာန်၌ ပြုလုပ်ခဲ့သည်။အဆိုပါဈာပနသို့ (ဦး)ဝင်းမြင့် ၏ မိသားစုဆွေမျိုးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းဝင်များ၊ဆောင်းပါးရှင်များအပါအဝင် လူဦးရေ တစ်ရာကျော်ခန့်လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။