#LocalNews
Published - 16 March 2022


ပိုင်ရှင်မဲ့ ပုပ်ပွသေဆုံးသူ အမျိုးသား၏ မိသားစုအားသိရှိပါက ဆက်သွယ်အကြောင်းကြား
ပေးကြဖို့ လားရှိုးလူမှုကူညီ ရေးအဖွဲ့ ကမေတ္တာရပ်ခံထားပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့ မတ်လ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ် အချိန်တွင် လားရှိးမြို့ ၊ ရပ်ကွက်(၅)၊နယ်မြေ(၁၂)၊ ၄၃ လမ်းနှင့် လမ်း ၂၀ ထောင့်၊အောင်မင်္ဂလာဈေးအနီးရှိ ရေမြှောင်းအောက်ထဲတွင် အမျိုးသားတစ်ဦးသေဆုံးနေပါသဖြင့် ကူညီပေးပါရန်
အကြောင်းကြားလာမှု ကြောင့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ က သွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာသို ရောက်ရှိချိန်တွင် နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းကာ ပုပ်ပွသေဆုံးသူ အမျိုးသား(၁)ဦးအား ရေမြှောင်းအတွင်းမှ ခက်ခက်ခဲခဲ ထုတ်ယူသယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့ လည်းကောင်း ထိုမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံကြီး-ရင်ခွဲရုံသို့ (PR-001)ဖြင့် ကူညီပို့ ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ အဆိုပါ လူမှုကူညီ ရေးအသင်းကသတင်းထုတ်ပြန်ခဲ့တာပါ။

လက်ရှိ အချိန်အထိ သေဆုံးသူ၏(အမည်၊နေရပ်)အားမသိရှိရသေးသည့် အတွက် သေဆုံးသူအားသိရှိပါက မိသားစုဝင်များထံသို့အမြန်ဆုံးဆက်သွယ် အကြောင်းကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံပန်ကြားထားတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ ။

ymg/kg
#Yangon_Media_Group