Published-5 August 2021

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတာဂီက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အပြည့် အဝထောက်ခံတယ်လို့ပြောကြောင်း ဂျပန်တိုင်းမ်သတင်းစာကရေးသားလိုက်ပါတယ်။

အရှေ့အာရှ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲအတွင်းမှာ မိုတာဂီက အခုလိုပြောကြားခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝံယီတို့လည်းတက်ရောက်ခဲ့ကြပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး-၂ကို အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ သဘောတူကြပြီးနောက် အရှေ့အာရှအစည်း အဝေးကို ဆက်လက်ကျင်းပတာဖြစ်ပါတယ်။

“ အထူးကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းတွေကိုစောနိုင်သမျှစတင်ပြီး သက်ဆိုင်တဲ့အဖွဲ့တွေအကြားမှာဆွေးနွေးတာမျိုး သိသာထင်ရှားတဲ့ရလဒ်ထွက်ပေါ်လာဖို့ အရေးကြီးပါတယ်” လို့ မိုတာဂီက အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ် စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာကို အာဆီယံနှင့် ဆက်စပ်အစည်းအဝေးတွေမှာ ပြောခဲ့တယ်လို့လည်းသူကပြောပါတယ်။
 
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အခြေအနေအပေါ် စောင့်ကြည်နေပြီး ဒီမိုကရေစီကိုစောစောပြန်သွားဖို့ ရပ်တည်ချက်နှင့် ကြည့်ရင် အခြေအနေကတိုးတက်မလာသေးဘူး လို့လည်း သူကသတင်းထောက်တွေကိ ထပ်ပြောခဲ့ပါတယ်။

Source: Japan Times