ရန်ကုန်ဩဂုတ်-၄
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)၊ ဒါတိုအီရီဝန်ယူဆော့ဖ်က မြန်မာက သဘောတူခဲ့တဲ့အတွက် အီရီဝန်ယူဆော့ဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံက ယနေ့အတည်ပြုလိုက်ကြောင်းသိရပါတယ်။
 
ဩဂုတ်(၄)ရက် ယနေ့ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဘရူနိုင်းနိုင်ငံက ယခင်အဆိုပြုထားတဲ့ ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို ရုပ်သိမ်းပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းဘုရင်မင်းမြတ်ရဲ့ လမ်းညွှန်မှုဖြင့် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး-၂ဖြစ်သူ ဒါတို အီရီဝန်ယူဆော့ဖ်ကို ပြန်လည်အဆိုပြုခဲ့တာဖြစ်ပါတယ်။