ကိုဗစ်-၁၉ ရောဂါပျံ့နှံကူးစက်မှုတွေကြောင့် ၂၀၂၀ မတ်လ ကတည်းက ပိတ်ထားတဲ့ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးကို နှစ်နိုင်ငံညှိနှိင်းမှုအရ ဩဂုတ်(၁)ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ကုသရေးမှာ လိုအပ်နေတဲ့ ဆေးဝါးနှင့်အခြားပစ္စည်းတွေ အိန္ဒိယနယ်စပ် တမူးဘက်ကနေ ဝင်ရောက်လာတော့မယ်လို့ နစက အိမ်စောင့်အစိုးရ၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက Yangon Times ကို ပြောပါတယ်။