Published - 3 August 2021

တနင်္သာရီတိုင်းဒေသကြီးအနီးရှိမြန်မာ့ပင်လယ်ပြင်တွင်ရေယာဉ်ဝန်ထမ်းများစွန့်ခွာသွားသောသင်္ဘောတစ်စီး မျောပါလျက်တာကြောင့်ရေကြောင်းမိုင်၄၀အတွင်းရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးရန် ရေကြောင်း သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ 
သြဂုတ်လ ၁ရက် နေ့ည ၁၉နာရီ နာရီ အချိန်ခန့်တွင် Singapore နိုင်ငံမှ Bangladesh နိုင်ငံ Chittagone ဆိပ်ကမ်းသို့ ထွက်ခွာလာသည့် Vietnam နိုင်ငံ Tan Binh Co Ltd ပိုင် Panama နိုင်ငံ မှတ်ပုံတင်သင်္ဘော MV Tan Binh 127 (IMO 9240043) သည် တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်း အနောက်ဘက် ရေမိုင် ၉၀ ခန့် အကွာ မြန်မာနိုင်ငံ၏ EEZ အတွင်း တည်နေရာ Lat: ၁၀ ဒီဂရီ ၂ Long: ၀၉၆ ဒီဂရီ ၄၇ မိနစ် (E) တွင် သင်္ဘောထဲသို့ ရေဝင်မှု (Flooding) ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ည ၂၁နာရီ၂၃မိနစ် အချိန်တွင် ရေယာဉ်မှူး အပါအဝင် ရေယာဉ် ဝန်ထမ်းများ ရေယာဉ်မှစွန့်ခွာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 
၎င်း ရေယာဉ်မှာ လက်ရှိတွင် မောင်းသူမဲ့ မျောပါလျက်ရှိသည့်အတွက် အောက်ပါ တည်နေရာနှင့် မျောပါလျက်ရှိသည့် ဦးတည်ချက်အတွင်းမှ မိုင် (၄၀) အတွင်းရှိ ရေယာဉ်များ အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ 
တည်နေရာ ဦးတည်ချက် (ခန့်မှန်း) အရမျောပါနှုန်း (ခန့်မှန်း) Latitude: 10° 06.2' N ၊ Longitude: 96° 52.1' E နောက်ဆုံးတည်နေရာမှ ၀၆၀ - ၀၇၀° အတွင်း ရေမိုင် (၂)မိုင် သို့ဖြစ်သဖြင့် ရေယာဉ်မျောပါလျက်ရှိတဲ့ နောက်ဆုံးအချက်အလက်ရရှိသည့်တည်နေရာမှ မျောပါလျက်ရှိသည့် ဦးတည်ချက်ဧရိယာ မိုင်(၄၀) အတွင်း ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက် လှေများ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီးခရီးသွားလှေများနှင့် စက်တပ်သမ္မာန်များအနေဖြင့် သတိပြုသွားလာကြပါရန်နှင့် အဆိုပါ ရေယာဉ်အား တွေ့ရှိပါက Maritime Rescue Coordination Centre (MRCC) သို့ သတင်းပေးပို့ကြပါရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ထားပါတယ်။

အဆိုပါသင်္ဘောမှာမှာ General Cargoအမျိုးအစားဖြစ်ပြီး ၂၀၀၁ခုနှစ်ကစတင်တည်ဆောက်ထားပြီး နှစ်၂၀သက်တမ်းရှိပြီဖြစ်သည်။ 

#Yangon_Media_Group