ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်လာတာကြောင့် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်အသီးသီးကျခံနေရတဲ့အချုပ်သား၊ အကျဉ်းသားတွေကို ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ဇူလိုင်လ(၂၈) နေ့ကစတင်ထိုးနှံခဲ့ပြီး ဒီကနေ့ ဇူလိုင်လ(၃၀) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်တစ်ခုထဲ အကျဉ်းသား (၃၀၀၀) ကျော်ထိုးနှံပြီး ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က YangonTimes ကိုပြောကြားပါတယ်။