မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နဲ့ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက မီးသတ်တပ်ဖွဲ့အင်အား ၆၀ ဦးနဲ့ ဒီကနေ့မနက်ပိုင်းမှာအများပြည်သူသွားလာရာနေရာတွေနဲ့လူထူထပ်သည့်နေရာတွေကိုမီးသတ်ယာဉ်၈စီး အသုံးပြုကာ အုပ်စုနှစ်စုခွဲပြီးပိုးသတ်ဆေးဖြန်းခဲ့တယ်လို့သိရပါတယ်။
လူဦးရေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့ကလမ်းတွေကိုပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ယနေ့မနက် ၈နာရီခန့်က မြို့တော်ခန်းမအနီးမှစတင်ဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်။
“ ဒါကတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့လမ်းညွှန်မှုနဲ့ပြုလုပ်တဲ့အစီအစဉ်ဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ ရောဂါ ကူးစက် တာတွေကလည်းများလာတယ်။ အဓိကကတော့ ရန်ကုန်မြို့တွင်း အများ ပြည်သူသွားလာနေတဲ့ လူထူထပ်တဲ့ နေရာတွေကို ဇီဝပိုးမွှားများရှင်းလင်းစေဖို့ ပိုးသတ်ဆေး ဖျန်းတာတွေပြုလုပ်တာဖြစ်ပါတယ်။ ပြီးရင်တော့ ဒီကနေတစ်ဆင့် စုစု ပေါင်း မီးသတ်ယာဉ် ၈ စီးနဲ့ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း အသွားအပြန်၊ အင်းစိန်လမ်းမကြီးနဲ့ ကျိုက်ဝိုင်း ဘုရားလမ်း၊ တွေဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကမီဒီယာတွေကို ဆောင်ရွက်ချက်နဲ့ပတ်သတ်ပြီး ပြောဆိုလိုက်ပါတယ်။
ဇီဝပိုးမွှားများကင်းရှင်းရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အုပ်စုယာဉ် ၄ စီးက LUF 60 နှင့် LUF Micro မီးသတ်စက်များနဲ့ မြို့တော်ခန်းမရှေ့ကနေ ကမ္ဘာအေးဘုရားလမ်းမကြီး တစ်လျောက် ၈ မိုင်လမ်းဆုံအထိလည်းကောင်း၊ ၈ မိုင်မှ ပြည်လမ်းအတိုင်း စော်ဘွားကြီးကုန်း၊ အင်းစိန်ပန်းခြံ၊ အင်းစိန်လမ်းမကြီးတစ်လျောက် သမိုင်းလမ်းဆုံမှတစ်ဆင့်ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း ၈ မိုင်လမ်ူဆုံ၊ နဝဒေး လမ်းဆုံမှတစ်ဆင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် အုတ်ပုံဆိပ်လမ်း အထိပက်ဖျန်းခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး ကလည်းအုပ်စုယာဉ် ၄ စီးမှ LUF 60 နှင့် LUF Micro မီးသတ်စက်တွေနဲ့မြို့ တော်ခန်းမရှေ့မှ ကမ်းနားလမ်း၊ ၎င်းမှ ပြည်လမ်းအတိုင်း ၈ မိုင်လမ်းဆုံအထိ၊၎င်းမှ ပြည်လမ်းအတိုင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးအထိ ပက်ဖျန်းခဲ့တယ်လို့သိရပါတယ်။