Published-31 July 2021
ထင်ရှားသည့်မြန်မာသံအဆိုတော်ကြီး (ဦး)ရာဇာဝင်းတင့် (အမည်ရင်း ဦးမြင့်အောင်) ယနေ့ကွယ်လွန်သွားကြောင်းသိရှိရပါတယ်။
သူဟာ နာမကျန်းဖြစ်နေခဲတာကြာပြီဖြစ်ပြီး ဆေးရုံတက်ရင်းနှင့်ကွယ်လွန်ခဲ့ရတယ်လို့ကြားသိရတယ်လို့ သူနှင့်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ အဆိုတော်ကြီး(ဦး)သန်းမြတ်စိုးက ပြောပါတယ်။
“ ကျွန်တော်နှင့်အလွန်ရင်းနီးချစ်ခင်ရတဲ့ရာဇာဝင်းတင့် ဆုံးပါးသွားတဲအတွက် ကျွန်တော့်မှာ အလွန်ဝမ်းနည်းကြေကွဲစွာခံစားရပါတယ်။ သွားအတူ လာအတူ၊ ကျွန်တော်တို့ လိုင်းကလဲ ကြိုက်တဲ့သီချင်းတွေရော ဆိုကြတဲ့သီချင်းတွေရော အတူတူဖြစ်ကြတယ်ဗျာ။ကျွန်တော်က သူ့ရဲ့ Tone Colour ကိုအလွန်နှစ်ခြိုက်ပါတယ်။ ကျွန်တော်တို့ဂီတလောကအတွက်ရော သူ့ကိုချစ်ခင်ကြတဲ့ပရိသတ်အတွက်ရော အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။
အစားထိုးမရနိုင်တဲ့လူတစ်ယောက်ပါ” လို့ (ဦး)သန်းမြတ်စိုးက သူ့ရဲ့မိတ်ဆွေကြီး ကွယ်လွန်မှုနှင့်ပတ်သက်ပြီး Yangon Times ကို တသသပြောပြခဲ့ပါတယ်။
သူဟာ မောင်ဝင်းတင့် အမည်နှင့် မြန်မာ့အသံမှာ ဓာတ်ပြားရတေးတွေ စတင်သီဆိုခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
သူဟာ အဆိုတော်ကြီး(ဒေါ်)ဖြူသီရဲ့ ချစ်လှတဲ့ မောင်ငယ်တစ်ဦးလည်းဖြစ်ပါတယ်။ အမဖြစ်သူနှင့်အတူ တေးစီးရီးအချို့မှာလည်း သီဆိုခဲ့ပါတယ်။
မြန်မာသံအဆိုတော်ကြီး(ဦး)ရာဇာဝင်းတင့် ကောင်းရာသုဂတိရောက်ရှိပါစေ။