Published 7 Feb 2022

ယနေ့မနက်မှာမြန်မာနိုင်ငံမှာ အထိန်းသိမ်းခံထားရတဲ့ ဩစတြေလျပါမောက္ခ ရှောင်တာနယ်လ် လွတ်မြောက်လာတယ်ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီကနေ့ ဖေဖော်ဝါရီ (ရ)ရက်မနက်မှာ ပြောကြားမိခဲ့တာဟာ သတင်းအမှားသာဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့မနက်ပိုင်းက ကက်တိုင်ပြည်နယ်က အမှတ်(၇) အမျိုးသားလမ်းမကြီးဖွင့်ပွဲအတွင်း အဲသလိုပြောကြားခဲ့လို့ ဒီသတင်းကို တော်တော်များများက အတည်ပြုချက်ရယူဖို့ ကြိုးစားခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီကြေညာချက်ဟာ သတင်းအချက်အလက်မှားတစ်ခုကြောင့်ဖြစ်ပြီး ပါမောက္ခတာနယ်လ်ဟာ လက်ရှိထိန်းသိမ်းခံနေရဆဲပဲ ဖြစ်တယ်လို့ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပါတယ်။

မရည်ရွယ်တဲ့ ယခုဖြစ်ရပ်ရှိခဲ့သော်ငြား ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်အတွင်း  ဟွန်ဆန်က ပါမောက္ခရှောင်တာနယ်လ်ကိစ္စဖွင့်ဟပြောဆိုခဲ့ရာ ဗိုလ်ချူပ်မှူးကြီးက  တရားရုံးလုပ်ငန်းစဉ်များပြီးဆုံးသွားပါက သူ့အနေဖြင့်ပြန်လည်စဉ်းစားပေးမည်ဟု အာမခံခဲ့သည်ကို ပြန်ပြောင်းသတိရပါကြောင်းဖြင့် အဆိုပါပြောရေးဆိုခွင့်ရသူက ပြောတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖြည့်စွက်ပြောဆိုထားပါတယ်။

Source: Statement issued by the Ministry of Foreign Affairs and International Cooperation,Cambodia