#LocalNews
Published -8 Feb 2022

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပြန်လွန်တော်မူသော စစ်ကိုင်းတိပိဋကဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည်ပင့်ဆောင်မယ်လို့ ဒ္ဓဇောတကသုဗောဓာရုံကျောင်းတိုက်၊တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံက သိရပါတယ်။

 

ဘန်ကောက်မြို့ ဘန်မိုဂရက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသော စစ်ကိုင်းတိပိဋကဆရာတော်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ပျံလွန်တော်မူသွားတာဖြစ်ပြီး ဆရာတော်မှာ ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန် ထိုင်းနိုင်ငံကို၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်သွားရောက်ကာဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

 

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကျင်းပနိုင်ရေး စစ်ကိုင်းတိပိဋကဆရာတော်ရုပ်ကလာပ်အား ထိုင်းနိုင်ငံမှ ပြန်လည်ပင့်ဆောင်လာမည်ဖြစ်ကာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉နာရီ မုံရွာလေဆိပ်သို့ ရုပ်ကလာပ်ပင့်ဆောင်ရောက်ရှိလာမယ်လို့ သိရပါတယ်။

 

အန္တိမအဂ္ဂိဈာပနပူဇာ ကြိုတင်အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၈ရက်နေ့ နေ့လယ် ၃ နာရီ အချိန်တွင် မုံရွာမြို့၊ သဒ္ဓဇောတကသုဗောဓာရုံကျောက်တိုက်တွင် ကျင်းပမှာဖြစ်ပြီး အန္တိမအဂ္ဂိဈာပနပူဇာနေ့ရက်ကို အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ထပ်မံကြေညာသွားမယ်လို့ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံ မိန့်ကြားပါတယ်။

 

ymg/hm
#Yangon_Media_Group