#LocalNews
Published - 8 Feb 2022

 

လျှပ်စစ် မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၁၃ ခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

 

ဒ့ါအပြင် မဂ္ဂါဝပ် ၃၉၀ ဓာတ်အားထုတ်လုပ်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းသုံးခုကိုလည်း ထပ်မံအကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ SGH ASEAN-India High Level Conference on Renewable Energy အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ထည့်သွင်းပြောကြားချက်အရ သိရတာဖြစ်ပါတယ်။

 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ၉ ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေစွမ်းအင်( Wind Energy) လိုမျိုး ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်ကနေ ဓာတ်အားထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတဲ့အတွက် အခုလို စီမံကိန်းတွေ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

 

လက်ရှိမြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်းနဲ့ အများဆုံးထုတ်လုပ်နေပြီး ဒုတိယအနေနဲ့ ရေအားလျှပ်စစ်ကနေ ၄၀ ရာခိုင်နှုန်းထုတ်လုပ်နေပါတယ်။ ဒ့ါအပြင် ကျောက်မီးသွေးကနေ ၃ ရာခိုင်နှုန်းနဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေက ၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

 

ဒ့ါအပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်မှာ ဒေသတွင်း စွမ်းအင်သုံးစွဲမှု Total Primary Energy Supply (TPES) ရဲ့ ၂၃ ရာခိုင်နှုန်း ကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ ရယူသုံးစွဲနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

ymg/ei
#Yangon_Media_Group