#Local-News
Published- Feb 8 2022

 

မွန်ပြည်နယ် မော်လမြိုင်-ရေး ရထားလမ်းပေါ်ရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်းဆက်သွယ်ထားတဲ့ တံတားအမှတ် (၁၇၃) ၊ အရှည်ပေ ၆၀၀ ရှိ သံဘောင်ဘေလီ တံတားအား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိုင်းခွဲခံခဲ့ရကြောင်းသိရှိရပါတယ်။

အဆိုပါတံတားဟာ ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာအုပ်စု တော်ကမာကျေးရွာအနီး မိုင်တိုင်အမှတ် (၂၅၆/၁၈-၂၁) မှာ တည်ရှိပါတယ်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် တံတားသံဘောင် ၂ ချောင်းပြတ်ထွက်ပြီး၊ ၁ ချောင်းကွေးကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့သိရပါတယ်။

မိုင်းခွဲခံခဲ့ရတဲ့တံတားကို ရေးမြို့နယ်မှတာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ymg-mnn
#Yangon_Media_Group