#LocalNews
Published - 6 Feb 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းအပါအဝင် ကိုဗစ် ၁၉ ရောဂါ ကူစက်ခံရသူအများအပြားကို တွေ့ ရှိခဲ့သည့် အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ ၁၄ ရက် (နှစ်ပတ်တိတိ)Lock Down ချထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

"အဲ့ဒီဆေးရုံက တပည့်ကိုမေးကြည့်တာ Nurse Aid ကလေးတွေ စကူးတာတဲ့ အားလုံး ၂၀ လောက်Positive ထွက်တော့ လူနာတွေထဲက Negativeထွက်ရင်ပြန်ခိုင်းပြီး Positive တွေဘဲချန်ထားတာတဲ့ နှာစေးချောင်းဆိုးလောက်ပါဘဲ၊ အောက်ဆီဂျင်မကျကြဘူးလို့ ပြောတယ်။ ခုတော့နှစ်ပတ် ကွာရန်တင်းထားတယ်။"လို့ အဆိုပါ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့်
နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

ထိုဆေးရုံတွင် ဆေးရုံဝန်ထမ်းပေါင်း ၁၀၀ ခန့် ရှိနေပြီး ဆေးကုသမှု ခံယူနေသည့် လူနာသံဃာတော်အပါး ၂၀ နှင့် သီလရှင် ၇ ပါး စုစု ပေါင်း ၁၂၇ ဦးရှိကာ လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ ရှိသူ ၄၀ နီးပါးခန့်မှာ ပြင်ပအဝင်၊အထွက်မှ တစ်ဆင့် ကူးဆက်ခဲ့ခြင်းသာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။

"ဒီနေ့မှ မဟုတ်ပါဘူးရှင် ၃ ရက်နေ့ထဲက Lockdown ချတာပါ။ JSH မှာတော့ ဝန်ထမ်း အယောက် ၂၀ ကူးပြီး ရပ်နေပါတယ်၊ ၃ ရက်နေ့ထဲက Lockdown ချလိုက်ပါတယ်။"လို့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

မကြာသေးမီ လပိုင်းက ကုသမှုရပ်နားထားသည့် ဇီဝိတဒါန သံဃာ့ဆေးရုံရှိဌာနများအား ကိုဗစ်‌ ၁၉ စည်းကမ်းများနှင့်အညီ ပြန်လည်ကုသမှုပေးခဲ့သော်လည်း ဝန်ထမ်းများ အပါအဝင် ဆေးကုသမှုခံယူနေသည့် သံဃာများ၌ပါ ကိုဗစ်ရောဂါ ပိုးတွေ့ ရှိခဲ့ရသည့်အတွက် သက်ဆိုင်ရာတိုင်း ကျန်းမာရေးမှ လာရောက်စစ်ဆေးမှုများပြုလုပ်‌လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုကာလတွင် ရန်ကုန်မြို အပါအဝင် မြို့ ကြီးအချို့ မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနှင့် အိုမီခရွန် ရောဂါပိုး ကူးစက်တွေလည်းရှိ နေသည့် အတွက် ပြည်သူလူထု တွေအ နေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့ နဲ့ ကာကွယ် ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။

ထို့အပြင် မကြာ သေးမီရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ရှိ စက်ရုံတစ်ခုမှာ ကိုဗစ် ရောဂါ ဖြစ်ပွားသူ တွေကို အစုလိုက်အပြုံလိုက် တွေ့ ရှိခဲ့ပြီး နောက် ၄င်းတို့ထဲမှ ၁၀ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာခဲ့မှ အဆိုပါ ၁၀ ဦးလုံးတွင် အိုမီခရွန် ရောဂါပိုးကိုတွေ့ ရှိခဲ့ရတာဖြစ်တယ်။

ကျန်းမာ ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက် တွေ အရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ ရှိထားပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့ မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၆,၉၀၄ ဦးအထိ ရှိပြီးလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ - ရန်ကုန် ဇီဝိတဒါနသံဃာ့ဆေးရုံ

ymg/kg
#Yangon_Media_Group