#LocalNews
Published-7 Feb 2022

 

သာစည်မြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရသည်။

 

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ သီဟအောင်(၂၉)နှစ် မောင်းနှင်ပြီး ခွန်တဘောက်(၂၁)နှစ် လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ၁၅ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂ ဒသမ ၃၇၅ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

သတင်းကွင်းဆက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၅/၆)အနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီလာဦး(၂၄)နှစ်အား IPSUM မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group