#LocalNews
Published - 5 Feb 2022


ယခုကာလတွင် ရန်ကုန်မြို့ မှာ ဖျားနာလူနာတွေ ပြန်လည်များပြားလာပြီး ရာသီဥတုအ အေးဒဏ်ကြောင့် ဖျားနာကြသူများနှင့် ရာသီအကူးအပြောင်းကြောင့် ရာသီတုပ်ကွေးဖြစ်ပွားသူအများအပြားရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ယခုကာလတွင်ရန်ကုန်မြို့ အပါအဝင် မြို့ ကြီးအချို့ မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနှင့် အိုမီခရွန်ရောဂါပိုး ကူးစက်တွေလည်းရှိနေသည့် အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမှကာကွယ်ရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြဖို့ ကျန်းမာ ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

"အခုတလော ဖျားနာလူနာ တွေကိုပြန်တွေ့လာရပါတယ်။ သူကရာသီဥတုအအေးဒဏ် ကြောင့်လည်းပါပါတယ်။ ဖျားကြနာကြတာ ၊ တချို့ကလည်း နှာစေး၊ ချောင်းဆိုးပေါ့၊ ပြောရရင် ဒီကာလမှာ ရာသီတုပ်ကွေး ပုံစံမျိုးတွေ ပြန်ဖြစ်နေကြတာပေါ့။ တစ်ဖက်မှာလည်း ကိုဗစ်နဲ့ အိုမီခရွန်ကလည်း ရှိနေတော့ ဒီကာလမှာ ကျန်းမာရေးကိုတော့ ပြည်သူတွေအနေနဲ့ အထူးဂရုပြုဖို့ လိုပါတယ်။"လို့ ရန်ကုန်မြို့ ရှိ ဆေး ပေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောပြခဲ့ပါတယ်။

ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန် အတည်ပြု လူနာများကို ပြီးခဲ့သည့် ရက်ပိုင်းတွေ အတွင်းက တမူးမြို့ နဲ့ကလေးမြို့ မှာ စတင်တွေ့ ရှိခဲ့တာဖြစ်ပြီး ပြည်တွင်းကူးစက်မှုတွေလည်း စတင်ရှိလာခဲ့တာပါ။

ဒါ့အပြင် မကြာသေးမီရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ရှိ စက်ရုံတစ်ခုမှာ ကိုဗစ် ရောဂါ ဖြစ်ပွားသူ တွေကို အစုလိုက်အပြုံလိုက် တွေ့ ရှိခဲ့ပြီး နောက် ၄င်းတို့ထဲမှ ၁၀ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာခဲ့မှ အဆိုပါ ၁၀ ဦးလုံးတွင် အိုမီခရွန် ရောဂါပိုးကိုတွေ့ ရှိခဲ့ရတာဖြစ်တယ်။

ဒါ ကြောင့် အိုမီခရွန် ရောဂါ ဖြစ်ပွားမှုနှုန်းများပြားလာပါက အချိန်နဲ့ တပြေးညီ ကူညီပေးနိုင်ရန် အတွက် ရန်ကုန်တိုင်းရှိ လူမှုကူညီ ရေးအသင်း တွေက ကြိုတင်ပြင်ဆင်မှု တွေကို လုပ် ဆောင်ထားကြတယ်လို့ သိရပါတယ်။

"ကျနော်တို့အဖွဲ့ တွေက တော့ အားလုံးကို အသင့် အနေအထားနဲ့ပြင်ဆင်ထားပါတယ်။ ကား တွေရော၊လူအင်အား တွေ ရော အားလုံးကို အသင့်ပြင်ဆင်ထားပါတယ်။ ရန်ကင်းကိုဗစ်ကုသ ရေးစင်တာကို အခြေပြုပြီး တော့ အကုန်လုံး အဆင်သင့်အနေအထားနဲ့ရှိနေကြပါတယ်။ နောက်ပြီး ရန်ကုန်မှာလည်း ကိုဗစ်စင်တာ တွေ ၁၀ ခု လောက်အထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ နိုင်ငံခြားပြန် တွေ အပါအဝင် ပြည်တွင်းမှာ ဖြစ်ပွားလာရင်လည်း ထားနိုင် အောင် ဆေးဝါးကုသ ပေးနိုင် အောင် ကိုဗစ်စင်တာ တွေကိုလည်း ဖွင့်လှစ် ပေးထားပါတယ်။"လို့ YRO ဥက္ကဌ ဦးထွန်းထွန်းဦး က ပြောပြခဲ့ပါတယ်။

ကျန်းမာ ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက် တွေ အရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ ရှိထားတာပါ။

ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့ မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၆,၉၀၄ ဦးအထိ ရှိပြီးလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါးပိုးတွေ့ ရှိမှု ရာခိုင်နှုန်းမှာလည်း မြင့်တတ်လာတာကို တွေ့ရပါတယ်။

ymg/kg
#Yangon_Media_Group