#LocalNews
Published- 5 Feb 2022


မြန်မာနိုင်ငံမှတဆင့်ကန်ချနဘူရီနယ်စပ်မှတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၁၃၈ ဦးကို ဖေဖော်ဝါရီလ ၄ရက်နေ့ ၁၂ နာရီကျော်အချိန်တွင်ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ပွဲစားခတစ်ဦးလျင် ၂၅,၀၀၀ ဘတ်အထိပေးခဲ့ရတယ်လို့ သိရပါတယ်။

တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၃၈ ဦးကို နယ်ခြားစောင့်တပ် ကန်ကျနဘူရီခရိုင်၊ ကန်ကျနဘူရီမြို့နယ်၊ ဘန့်ကောင်ကျေးရွာအုပ်စုမှာဖမ်းဆီးခဲ့ပီး ဖမ်းဆီးခံရသူများတွင် အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၄၉ ဦးပါဝင်တယ်လို့ သိရပါတယ်။

တရားမဝင်ဝင်ရောက်သူတွေဟာရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် စတဲ့ဒေသများမှလာခဲ့ကြသူများဖြစ်ကာ ထိုင်းနိုင်ငံရှိ မြို့တော်ဗန်ကောက်၊ စမွတ်ဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီ စသည့်ခရိုင်များတွင်သွားရောက်လုပ်ကိုင်ကြရန်စီစဉ်ထားတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးတပ်ဖွဲ့မှ တစ်ဦးချင်းကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ymg/hm

Photo: Kanchanaburi News
#Yangon_Media_Group