#LocalHealth 
Published - 4 Feb 2022

ရောဂါပိုးကင်းစင်ပြီဖြစ် တဲ့ တမူးမြို့ ရှိ ကိုဗစ်လူနာ၂၂ ဦးဟာ ဒီကနေ့( ဖေ ဖော်ဝါရီ ၄ ရက်)မှာဆေးရုံမှ ဆင်းခွင့်ရရှိပြီး အိမ်ပြန်ခွင့်ရခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

"ဝမ်းသာစရာသတင်းကောင်းပါ။ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ ရှိပြီး ထူးခြားစွာဆေးကုသမှုခံယူရခြင်းမရှိပါဘဲ ရောဂါပိုးကင်းစင်သွားခဲ့တာပါ။ သူတို့အားလုံး ယနေ့မနက်မှာဘဲ အိမ်ပြန်ခွင့်ရရှိခဲ့ပါပြီ။"လို့ တမူးမြို့ ဒေသခံ တစ်ဦးက ပြောပြခဲ့ပါတယ်။

ယနေ့တွင် တမူးပြည်သူ့ဆေးရုံမှ ကျား/မ(၆)ဦး ၊အ .ထ .က(၂)မှ ကျား/မ(၁၆)ဦး၊ စုစုပေါင်း(၂၂)ဦး
ဆေးရုံဆင်းခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"မြို့သူ၊မြို့သားတွေက အခြေအနေအရ ဘယ်လိုပင်အခက်အခဲများကြုံတွေခဲ့ကြပါစေ မြို့သူ/မြို့သား တွေရဲ့ စေတနာမေတ္တာပေါ့ လေ။ တစ်ဦးအခက်အခဲဖြစ်ရင် တစ်ဦးက ဝိုင်းဝန်းကူညီပေးကြတာကြောင့် အခက်အခဲ တွေကို လွယ်ကူစွာဖြတ်ကျော်သွားနိုင်တာကို ကျနော်တို့လက်တွေ့ မြင်ရတွေ့ ခဲ့ကြရပါပြီ။ ဒီကနေ့မှာ စုပေါင်းညီညာအောင်ကြောင်းဖျာဆိုတဲ့ စကားပုံအတိုင်း ဝမ်းသာဖွယ်ရာမြင်တွေ့ ခဲ့ရပါတယ်။"လို့ ၄င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

တမူးမြို့ မှာ (ဇန်နဝါရီလ ၂၄ ရက် နေ့)တစ်ရက်ထဲမှာပင် ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးကို စတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အဲ့ဒီလို တွေ့ ရှိပြီး နောက်ပိုင်း ၄ ရက်အကြာ (ဇန်နဝါရီလ ၂၇ ရက် နေ့)မှာ ကိုဗစ်အတည်ပြု လူနာသစ် ၂၄ ဦး၊ (ဇန်နဝါရီလ ၂၈ ရက် နေ့)တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ ဥှီးနှင့် (ဇန်နဝါရီလ ၃၀ ရက် နေ့)တွင် ကိုဗစ်အတည်ပြု လူနာသစ် ၂၉ ဦးတို့ကို ထပ်မံ တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယခုဖေ ဖော်ဝါရီလ ၁ ရက် နေ့မှာ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ(၆)ဦးကို ထပ်မံ
တွေ့ ရှိခဲ့ရတာပါ။ဒါ ကြောင့် တမူးမြို့တွင် ရောဂါပိုးကူးစက်ခံရပြီးဆေးကုသမှုခံယူနေဆဲ လူနာစုစုပေါင်း(၂၅၉)ဦးအထိ ရှိ နေခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ရောဂါပိုးကင်းစင်ပြီဖြစ်တဲ့ ကိုဗစ်လူနာ ၂၂ ဦးက ဆေးရုံဆင်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group