#LocalNews
Published - 1 Feb 2022

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒုတိယ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးသိန်းအား တာဝန်ပေးအပ်လိုက်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး အား တာဝန်မှ အနားပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် လစ်လပ်သွားသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအတွက် ဦးစိုးသိန်း အားတာဝန်ပေးအပ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက် ယနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

"သူက အရင် နပခ တိုင်းမှူး ကနေ စစ်ချုပ် လုပ်သွားတယ်။ဒုဗိုလ်ချုပ်ကြီး စိုးသိန်း ။ အငြိမ်းစားပေါ့ ။ ဦးပိုင်ကနေ ပြောင်းလာတာ"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူကYMG ကို ပြောသည်။

ဖေဖော်ဝါရီလ (၁) ရက်သည် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသက်တမ်း တစ်နှစ်ပြည့်သည့်နေ့လည်း ဖြစ်သည်။

န စ က အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အပြင် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင်ဦး(ခ)ဘူးရယ် ကိုလည်း ဇန်နဝါရီလ ၃၁ ရက်ညပိုင်းက တာဝန်မှ အနားပေးခဲ့ကာ ဦးဇော်မျိုးတင် အား တာဝန်ပေးကြောင်း ယနေ့ ဖေဖော်ဝါရီလ တစ်ရက်တွင် ထုတ်ပြန်ထားသည်။

ymg/mt
#Yangon_Media_Group