#LocalNews
Published-1 Feb 2022


သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ   ဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ ဝေဖြိုးကျော်(ခ)အငယ်လေး(၃၂)နှစ် မောင်းနှင်ပြီး ဆန်းဝင်း(၃၁)နှစ် လိုက်ပါလာသည့် FUSO ၁၂ ဘီးမော်တော်ယာဉ်နှင့် ဝဏ္ဏကျော်(ခ)ဒွေးငယ်(၂၇)နှစ် မောင်းနှင် လာသည့် FUSO ၆ ဘီးမော်တော်ယာဉ် ၂ စီးတို့အား သတင်းအရရှာဖွေရာ FUSO ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်း၊ FUSO ၆ ဘီးမော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ တယ်လို့သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm

#Yangon_Media_Group