#LocalNews
Published - 1 Feb 2022
ဒီကနေ့(ဖေဖော်ဝါရီ ၁)ရက် တစ်မနက်ထဲတွင် ရန်ကုန်မြို့ ၌ မီးလောင်မှုနှစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပထမဖြစ်စဉ်မှာယနေ့ နံနက် ၅ နာရီ ၁၂ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ ကျွန်းတောလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Level -1 ယာဉ်အုပ်စုတွေထွက်ခွာငြှိမ်းသတ်ခဲ့ရတာပါ။

အဆိုပါမီးလောင်မှုကို မနက် ၅ နာရီ ၃၅ မိနစ် အချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ ယနေ့ မနက် ၅ နာရီ ၃၅ မိနစ် အချိန်မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ထော်လီကွေ့အနီးရှိ မိုးကောင်းလျှပ်စစ်ဝန်းအတွင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များနှင့် Level -1 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရတာပါ။

အဆိုပါမီးလောင်မှုကိုလည်း မနက် ၆ နာရီ ၁၀ မိနစ် အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

ယင်းဖြစ်စဉ်နှစ်ခုမှ မီးလောင်မှု အကြောင်းအရင်းအသေးစိတ်ကို မီးသတ်တပ်ဖွဲ့က ဆက်လက်စစ် ဆေးလျက်ရှိပြီး အဆိုပါ ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo - MFSD

ymg/kg
#Yangon_Media_Group