#LocalNews
Published - 1 FEB 2022
ဒီကနေ့ ဖေ ဖော်ဝါရီ ၁ ရက်၊ နံနက်ပိုင်းအချိန်က ကျောက္ကာ-မုံရွာလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ် တစ်စီးမိုင်းဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ခရီးသည်တင်ယဉ် မိုင်းဆွဲခံရမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက တော့ ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံ လူမှုကူညီ ကယ်ဆယ် ရေးအဖွဲ့ထံမှ သိရပါတယ်။

"တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ကျန်တဲ့သုံးယောက်က တော့ ပါးပါး လောက်ဘဲထိတယ်။ ခြေ တွေ လက် တွေ ပွန်းပဲ့ထိခိုက်ဒဏ်ရာရတယ်။ ကားကတော့ အကုန်စုတ်ပြတ်သတ်သွားတယ်။ အတော်ထိသွားတယ်။ ဒီနေ့မနက် ၁၁ လောက်က ဖြစ်တာပါ။ ကားပေါ်မှာက အားလုံးစုစု ပေါင်း ၄ ယောက်ဘဲပါတယ်။ ထိတာလည်း အဲ့ ၄ ယောက်ပါဘဲ။"လို့ မုံရွာမြို့ အ ခြေစိုက် လူမှုကယ်ဆယ် ရေးအဖွဲ့ (Monywa Rescue)မှ တာဝန်ရှိသူ တစ်ဦးက YMG ကိုပြောပြခဲ့ပါတယ်။

လက်ရှိမှာ ဒေသခံလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူ လူနာ(၄)ဦးကို မုံရွာဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကျောက္ကာ-မုံရွာလမ်း၌ ခရီးသည်တင်ကား မိုင်းဆွဲမှုကို မည်သည့်အဖွဲ့က လုပ် ဆောင်သည်ကိုတော့ အခုအချိန်ထိ မသိရ သေးပါဘူး။

Photo - Monywa Rescue

ymg/kg
#Yangon_Media_Group