Published _ 6 Jan 2022

အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၁၅ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကြေညာပါတယ်။ ဇန်နဝါရီ၆ရက်က ထုတ်ပြန်တဲ့၂၀၂၁ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်၍ပဒေကိုပြင်ဆင်သည့်ဥပဒေမှာ ထိုသို့ကောက်ခံမှာကို ထည့်သွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ထိုသို့တိုးမြှင့်ကောက်ခံရတာဟာနိုင်ငံ့ဝင်​ငွေတိုးတက်ရရှိ​​စေဖို့နှင့်အင်တာနက်ကို အလွန်အကျွံ့သုံးစွဲမှုများ​ကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှုများ၊ မျိုးဆက်သစ်​ ကျောင်းသား/ကျောင်းသူများနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများကိုလျှော့ချ​ပေးနိုင်ဖို့ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ရှင်းလင်းချက် မှာဖော်ပြထားပါတယ်။

 အဲဒီသတင်းထုတ်ပြန်ချက်မှာ "ဖွံ့ ဖြိုးဆဲနိုင်ငံအများစု၏ ဆက်သွယ်​ရေးဝန်​ဆောင်မှု အသုံးပြုခြင်းအ​ပေါ် အခွန်​ကောက်ခံမှုကိုလေ့လာရာတွင် ပုံမှန်ကုန်သွယ်လုပ်ငန်းအခွန်အပြင် ကဏ္ဍအလိုက်သီခြား အခွန် (Sector specific tax)ကိုပါ ​ကောက်ခံ​လေ့ရှိ​ကြောင်း၊ ယင်းကဏ္ဍအလိုက် သီခြားအခွန်ကို မြန်မာနိုင်ငံတွင်​ကောက်ခံခြင်းမရှိ​သေးသည်ကို ​တွေ့ရ​ကြောင်း၊ ကိုဗစ် ၁၉ ကပ်​ရောဂါ​ကြောင့် ထိခိုက်ကျဆင်းလျက်ရှိ​သော စီးပွား​ရေးလုပ်ငန်းများကို ကုစားနိုင်ရန်အတွက် အခြား​သောအခွန်​ကောက်ခံမှုများကို ​လျော့​ပေါ့ခြင်းဆိုင်းငံ့ခြင်းများကို နိုင်ငံ​တော်က ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း" ​ဖော်ပြထားပါတယ်။

 သို့​​သော်လည်း ဖုန်း​ခေါ်ဆိုမှုနှင့် SMS သုံးစွဲမှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်တိုးမြှင့်​ကောက်ခံမည် မဟုတ်ဘူးလို့လည်း သိရပါတယ်။