#LocalNews

Published _ 7 Jan 2022

 

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ လူကုန်ကူးခံရသူများအား ယာယီစောင့်ရှောက်ရေးဂေဟာတည်ဆောက်မှုပြီးစီးပြီဖြစ်၍ လူကုန်ကူးခံရသူများကို စတင်လက်ခံစောင့်ရှောက်ပေးနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

အဆိုပါ နိုင်ငံတကာအဆင့်မီလူကုန်ကူးခံရသူများအား ယာယီစောင့်ရှောက်ရေးဂေဟာ တည်ဆောက်ခြင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

 

ထိုဂေဟာကို ရန်ကုန်မြို့၌ တည်ဆောက်ထားပြီး ၂.၀၇ ဧက ကျယ်ဝန်းကာ လူကုန်ကူးခံရသူ ၁၀၀ ဦးကို တပြိုင်နက် လက်ခံထားရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိတွင် စီမံကိန်း ဆောက်လုပ်ပြီးစီး၍ လူကုန်ကူးခံရသူ ၄၉ ဦးအား ယာယီနေရာချထားပေးပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဒုက္ခရောက်နေသူများကို ကယ်တင်ကူညီရေးတို့တွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

YMG/kg

#Yangon_Media_Group