Published: 7 December 2021

ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် လာမယ့်နှစ်သစ် ၂၀၂၂ခုနှစ် ဇန်နဝါရီ(၇)ရက်နှင့် (၈)ရက်နေ့တွေမှာ သွားရောက်မယ်လို့ ကြေညာလိုက်ပါတယ်။

 မြန်မာနစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဒီဇင်ဘာ ၇ရက်နေ့ က ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်  ဆမ်ဒက်အက်ခါမိုဟာဆီနာပက်ဒိုင်တက်ချို ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်က Peace Palace ပိစ်ပဲလေ့စ် မှာတွေ့ဆုံအပြီး အဆိုပါသတင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။
Video Source: AFP