#LocalNews

Published - 6 Dec 2021

ပူတာအို ဒေသသို့ ခရီးသွားဝင် ရောက်မှုနည်းပါးသည့်အတွက်  ဒေသခံများအနေနဲ့ စီးပွား ရေးဝင်ငွေကျဆင်းမှု တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

လက်ရှိကာလဟာရေခဲတောင်တက်ခရီးသွားရာသီကာလဖြစ်သော်လည်း အခြေအနေအ ကြောင်းကြောင်းကြောင့် ခရီးသွားဝင်ရောက်မှုတွေနည်းပါး နေသေးတာဖြစ်လို့ ခရီးသွား တွေကိုသာ အဓိကမှီခိုအားထားနေရတဲ့  ဒေသခံတွေအနေနဲ့ အလုပ်အကိုင်ရှားပါးခြင်းနဲ့ မိသားစုစီးပွားရေးဝင် ငွေကျဆင်းမှုတွေနဲ့ ကြုံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အခုက  ရေခဲ တောင်ရာသီကာလပေါ့၊  ဘယ်လိုပြောရမလဲ ဒေသမှာပြည်တွင်း ခရီးသွားနဲ့အခြေချတဲ့ကုမ္ပဏီ တွေဝန်ဆောင်မှု ပေးတဲ့လူတွေကတော့ ခရီးသွားလုပ်ငန်း တွေကို အခုကာလမှာ ပြန်စ နေကြပါပြီ၊ သွား လာနေကြပါပြီ။ ဒါပေမဲ့ ခရီးသွားဝင် ရောက်မှုက နည်း နေ သေးတာပေါ့။ ပူတာအိုဒေသကလည်း ခရီးသွားဒေသလေခရီးသွားတွေကိုဘဲ အဓိက မှီခိုအားထားပြီး ရပ်တည် နေရတာပေါ့။  ပြောရရင် ခရီးသွားတွေလာမှလည်း  ဒေသခံ တွေက ဝင်ငွေရတယ်၊အလုပ်အကိုင် တွေလည်းရတာ ပေါ့။ အခုကာလမှာ  ရေခဲ တောင်တက် ခရီးစဥ်အချို့ကိုလည်း ပြန်စ နေတာရှိပါတယ်။ သို့ သော်လည်း ခရီးသွားဝင် ရောက်မှုကနည်း နေဆဲပါ။ ဒါကြောင့်လည်း ခရီးသွားတွေလာ ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။"လို့ ပူတာအိုမြို့ အ ခြေစိုက် ခရီးသွားဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက  ပြောပြခဲ့ပါတယ်။

ပူတာအိုဒေသဟာ  ရေခဲတောင်တန်းတွေကြောင့် ထင်ရှားကျော်ကြားပြီး ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အပါအဝင်  ရေခဲတောင်တက်သမားများ အများဆုံးလာရောက် လည်ပတ်ကြတဲ့  ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သို့ သော်လည်း ကိုဗစ် ၁၉  ရောဂါဂယက်နှင့် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်အချို့ ကြောင့် ပူတာအို ဒေသသို့ ခရီးသွားဝင် ရောက်မှု တွေက ကျဆင်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ခရီးသွား  တွေရှိမှ ပူတာအို ဒေသက လူတွေကဝင် ငွေရှိတာ  လေ။  ပြောရရင် ပူတာအို ဒေသက ခရီးသွား တွေကိုသာ အဓိကမှီခိုအားထား နေရတဲ့  ဒေသ ပေါ့။  ဒေသထွက်ပစ္စည်း  လေးတွေ  ရောင်းမှဝင် ငွေရှိတာ ပေါ့။ ခရီးသွားလုပ်ငန်းက ရတဲ့ဝင် ငွေ ပဲ ရှိတာလေ၊ အခြားဝင် ငွေက ဘာမှမရှိဘူး  လေ။ အဲ့ ဒါကြောင့် ကိုဗစ်အ ခြေအ နေနဲ့ နိုင်ငံ ရေး အ ခြေအ နေ  တွေ ကောင်းလာရင် တော့ ခရီးသွားလုပ်ငန်း တွေ ကိုအမြန်ဆုံး တော့ ပြန်ဖွင့် စေချင်ပါတယ်။" ၄င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ပူတာအို ဒေသကို ကိုဗစ်ကာကွယ် ဆေး နှစ်ကြိမ်ထိုးပြီးသားသူ တွေကို ဝင်  ရောက်လည်ပတ်ခွင့်ပြုနေတာဖြစ်တယ်လို့လည်း   ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

Photo - CJ