Published: 5 December 2021

၂၀၂၁အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ပွဲဦးထွက်ပွဲစဥ်အဖြစ်ဒီဇင်ဘာလ၅ရက်နေ့ ဒီကနေ့ညပိုင်း မြန်မာစံတော်ချိန်ည၇နာရီ၁၅မိနစ်ကစတင်ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက စင်ကာပူအသင်းကို ၃ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ခဲ့ပါတယ်။

 

 မြန်မာ့အသင်းကစားသမား၁၄ဦးအထိကျန်းမာရေးပြဿနာတွေနဲ့ကြုံတွေ့နေရပြီး ပြိုင်ပွဲဝင်ကစားသမားအရေအတွက်ပြည့်မီရေးအတွက်အခက်ကြုံနေရတဲ့မြန်မာအသင်းအနေနဲ့ လူစုံထုတ်ပွဲထွက်လာနိုင်ခဲ့သော်လည်း စင်ကာပူအသင်းရဲ့တိုက်စစ်ဖိအားပေးမှုကိုခံခဲ့ရပြီး ပထမပိုင်းမှာတင် စင်ကာပူအသင်းက သုံးဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာမြန်မာအသင်းအနေနဲ့ဒုတိယပိုင်းမှာကစားအားမြှင်တင်ရန်ကြိုးစားကစားခဲ့သော်လည်း စင်ကာပူအသင်းရဲ့ဖိအားပေးမှုတွေကိုခံခဲ့ရပါတယ်။ဒုတိယပိုင်းကစားနေချိန်မှာမြန်မာအသင်းအနေနဲ့ချေပဂိုးရရှိရေးအခွင့်အရေး နှစ်ကြိမ်ခန့်ရရှိခဲ့ပေမဲ့ အဆုံးသတ်အားနည်းခဲ့တာကြောင့် ပွဲဦးထွက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

 

 

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာနည်းပြချုပ် အန်တိုနီဟေးကအသင်းမှာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတဲ့ကစားသမား၄ဦးရှိနေသလို ကျန်းမာရေးအရ ကိုဗစ် ရောဂါပိုးရှိမရှိစစ်ဆေးရမယ်ကစားသမား၁၀ဦးထိရှိနေတယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး နောက်ဆုံးလူစာရင်းကိုထုတ်ပြန်ရာမှာ ဒဏ်ရာရကစားသမားတစ်ကိုသာချန်လှပ်ခဲ့ပါတယ်။

 

မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ ပြည့်ဖြိုးအောင်၊ စိုးအာကာ၊ နောက်- အောင်နိုင်ဝင်း၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ လယ်- လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ မောင်မောင်ဝင်း၊ ရှေ့- သန်းပိုင်၊ ဆွမ်လမန်၊ ကောင်းထက်စိုး တို့ပါဝင်ပြီး မြန်မာအသင်းမှာ အုပ်စု(က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းများနဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။