Published: 5 December 2021

ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၃၀ဦးကို အနောက်ဖက်နယ်စပ်ပြည်နယ်ရဲ့ ဆန်ခလာဘူရီနှင့် ဆိုင်းယောက်ခရိုင်တို့မှာ အုပ်စုနှစ်စုကို စနေနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းရဲကပြောပါတယ်။

ပထမအုပ်စုက လူ၁၄ဦးပါဝင်ပြီး အမျိုးသား၁၁ဦးနှင့် အမျိုးသမီး၃ ဦးတို့ပါဝင်ပါတယ်။ သူတို့ကို စနေနေ့ညနေ၄နာရီမှာ ဆန်ခလာဘူရီခရိုင်၊ တမ်ဘွန်နွန်လုက ဘန်ဆွန်ကာရီယာအနီး  အမှတ်(၈)ရွာ၊ ဘန်ဆွန်ကာရီယာအနီး တောအုပ်အတွင်း ပုန်းအောင်းနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ သဘာဝလမ်းပေါက်အတိုင်း နယ်စပ်ကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာကြတာလို့ပြောပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ကဖြစ်ပြီး ဘန်ကောက်မှာအလုပ်ရရှိဖို့ တစ်ဦးလျှင် ဘတ်ငွေ တစ်သောင်းခုနှစ်ထောင် နှင့် နှစ်သောင်းခွဲကြားပေးခဲ့ရတယ်လို့ပြောကြောင်း ထိုင်းရဲကပြောပါတယ်။

ညနေ၅နာရီခွဲမှာတော့ နောက်ထပ်၁၆ဦးပါအုပ်စုကို ဆိုင်းယောက်ခရိုင်မှာ ရဲနှင့်တပ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့အုပ်စုမှာ အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး ၆ဦးတို့ပါဝင်ကြပါတယ်။

သူတို့ဟာ ရန်ကုန်နှင့်မော်လမြိုင်ကလာကြသူတွေဖြစ်ပြီး ဘန်ကောက်နှင့် ဆမွန်ဆက်ခွန်မှာ အလုပ်ရဖို့ တစ်ဦးလျှ၍် ဘတ်ငွေတစ်သောင်းခုနှစ်ထောင်နှင့် နှစ်သောင်းခွဲအကြားပေးခဲ့ကြရတယ်လို့သိရပါတယ်.

သူတို့ကို ကိုဗစ်စစ်ဆေးပြီးနောက် တရားဥပဒေအရဆက်လက်ဆောင်ရွက်နိုင်ဖို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

Source Bangkok Post