#LocalNews

Published - 6 Dec 2021

COVID-19 မျိုးရိုးဗီဇပြောင်း Omicron ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့အတွက် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက်အရ Air KBZ အနေနဲ့ ဒီကနေ့မှစတင်ပြီး ကလေးခရီးစဉ်ကို ယာယီရပ်ဆိုင်းသွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့ကြောင့် ဒီကာလအတွင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး  ဇန်နဝါရီလ ၃၁ရက်နေ့ အတွင်း ခရီးစဉ်တွေအတွက် ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ၊ ၃၁ရက်နေ့  (သိုမဟုတ်) လက်မှတ်သက်တမ်းကာလအတွင်း ခရီးစဉ်ပြန်လည်ပြေးဆွဲမယ့်ရက်တွေသို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်ပြီး တစ်ကြိမ် "အခမဲ့" ရက်အပြောင်းအလဲပြုလုပ်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် အသွားလက်မှတ် (သိုမဟုတ်) အသုံးမပြုရသေးတဲ့ အသွားအပြန်လက်မှတ်တွေအတွက် ခရီးသည်အမည်ပြောင်းလဲခြင်း တစ်ကြိမ် "အခမဲ့" ကို လက်မှတ်သက်တမ်းကာလအတွင်း အပြောင်းအလဲပြုလုပ်ပေးမှာဖြစ်ပါတယ်။

Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ပြန်အမ်းငွေလျှောက်ထားတာ ရက်အပြောင်းအလဲပြုလုပ်တာ  ခရီးသည်အမည်ပြောင်းလဲတာနဲ့ ခရီးစဉ်ပြောင်းလဲတာတွေကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်တွေမှတဆင့် လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။

#YangonMediaGroup