၉ ဧပြီ ၂၀၂၄

မြန်မာနိုင်ငံရဲ့ ရတနာသဘာဝဓာတ်ငွေ့တွင်းမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ ချက်ဗရွန် ဟာ ရင်းနှီးမြှပ်နှံမှုကနေ နှုတ်ထွက်သွားပြီးနောက် သူ့ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို အပြင်ကိုမရောင်းချတော့ဘဲ လက်ရှိ ရှယ်ယာပါတနာကုမ္ပဏီနှစ်ခုက ပြန်ခွဲဝေယူလိုက်ကြပါတယ်။

အဆိုပါကုမ္ပဏီနှစ်ခုက ထိုင်းနိုင်ငံရဲ့ PTTEP ပီတီတီရှာဖွေထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာအစိုးရပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တို့ဖြစ်ကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

ချက်ဗရွန်ရဲ့ရှယ်ယာနှုတ်ထွက်သွားပြီးနောက် ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီရဲ့ရှယ်ယာဟာ  ၆၂.၉၆ ရာခိုင်နှုန်း မြင့်တက်သွားစေမှာဖြစ်ပါတယ်။

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းဟာ မုတ္တမပင်လယ်ကွေ့မှာတည်ရှိပြီး တစ်နှစ်ကို သဘာဝဓာတ်ငွေ့  ၆ ဘီလီယံ ကုဗမီတာထွက်ရှိနေပါတယ်။ ထွက်ရှိသမျှ သဘာဝဓာတ်ငွေ့ရဲ့ ၇၀ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ကျန် ၃၀ရာခိုင်နှုန်းကိုတော့ မြန်မာ MOGE က ပြည်တွင်းသုံးအဖြစ် ခွဲဝေရယူထားပါတယ်။

ရတနာစီမံကိန်းဟာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လုံခြုံရေးအတွက် မဟာဗျူဟာမြောက်အရေးပါနေ တာဖြစ်တယ်လို့ PTTEP က ထိုင်းစတော့အိတ်ချိန်းသို့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

“ PTTEPဟာ  စီမံကိန်းရဲ့အော်ပရေတာဖြစ်တာနှင့်အညီ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေလိုအင်တွေ ဖြည့်ဆည်းဖို့နှင့် စွမ်းအင်လုံခြုံရေးဆက်လက်ထိန်းသိမ်းဖို့ စီမံကိန်းကနေ သဘာဝဓာတ်ငွေ့တွေ ဆက်လက်ထုတ် လုပ်နေမှာဖြစ်တယ်” လို့ PTTEP ကပြောပါတယ်။

@ymg/knl