၆ ဧပြီ ၂၀၂၄

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  ဩစတြေ  လျနိုင်ငံခြားရေး  ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရသူက ဧပြီ၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၃ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဩစတြေလျနိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဘစ်ရှော့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်က တာဝန်ပြီးဆုံးခဲ့တဲ့ စင်္ကာပူသံတမန် နိုလင်းဟေဇာရဲ့နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။

သူမဟာ ၂၀၂၀ ဇန်နဝါရီလမှာ ဩစတြေလျအမျိုးသားတက္ကသိုလ် အေအင်န်ယူရဲ့ အဓိပတိအဖြစ်ခန့်အပ်ခံရပါတယ်။  အေအင်န်ယူရဲ့ ဒုတိယအဓိပတိ ပါမောက္ခ ဂျီနီဗီဘဲလ်က ဘစ်ရှော့ဟာ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခံရတာဖြစ်တယ်လို့ ပြောပါတယ်။

“ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျွန်မခန့်အပ်ခံရလို့ အထူးဂုဏ်ယူမိပါတယ်” လို့ ဘစ်ရှော့ကပြောပါတယ်။

သူမဟာ မူဝါဒ၊ဥပဒေနှင့် အကြီးတန်းစီမံခန့်ခွဲမှု အတွေ့အကြုံရင့်ကျက်သူဖြစ်တယ်လို့ ကုလက ပြောပါတယ်။

သူမဟာ ဒေသဆိုင်ရာမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုတွေ အားကောင်းခဲ့ပြီး  ပထမဆုံးသော   ပင်လယ်ပင် ဖျန်ဖြေရေး ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

Source Reiters/Agencies