Published_ 06 April 2024

ငမိုးရိပ်ချောင်းကျော်ပြီး ဓာတ်အားလိုင်းကြိုးဆွဲနေ၍သင်္ကန်းကျွန်းမြို့နယ်တွင် လျှပ်စစ်မီး(၃)ရက် ဆက်ပျက်မည်ဖြစ်ကြောင်း သင်္ကန်းမြို့နယ် YESCမှထုတ်ပြန်ထားသည်။

ဧပြီလ(၆)၊(၇)၊(၈)ရက်ဆက်တိုက် နေ့စဉ်မနက် (09:00) နာရီမှညနေ(15:00)ထိ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းအသိပေးထားခြင်းဖြစ်သည်။

33kVသင်္ဃန်းကျွန်းကြီးပွားရေးမြောက်ခွဲရုံသို့ဓာတ်အားပေးထားသော ငမိုးရိပ်ချောင်းကျော်ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်စဥ်အချိန်အတွင်း
သုံးရက်တိတိ (၆-၄-၂၀၂၄ မှ ၈-၄-၂၀၂၄ ထိ) နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ YESC၏ထုတ်ပြန်ချက်၌‌ ဖော်ပြထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group